...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

သဘာဝ‌ဘေးတုန့်‌ပြန်‌‌ရေးအဖွဲ့(ယာယီ) မန္တ‌လေး ပုံမှန်‌အစည်းအ‌ဝေးကျင်းပ

 

သဘာဝ‌ဘေးတုန့်‌ပြန်‌‌ရေးအဖွဲ့(ယာယီ) မန္တ‌လေး ပုံမှန်‌အစည်းအ‌ဝေးကျင်းပ။
(၂၅.၁၀.၂၀၁၆)

သဘာဝ‌ဘေးတုန့်‌ပြန်‌‌ရေးအဖွဲ့(ယာယီ) မန္တ‌လေး ၏ လပတ်‌ပုံမှန်‌ အစည်း
အ‌ဝေးကို ယာယီရုံးစိုက်‌ရာ‌နေရာဖြစ်‌‌သော ဗြဟ္မစိုရ်‌ လူမှုကူညီ‌ရေးအသင်း ၌ယ‌နေ့၉း၀၀
အချိန်‌တွင်‌ကျင်းပရာ၊ဗြဟ္မစိုရ်‌အသင်းဥက္ကဌ Dr.သန်းထွန်းမြင့်‌က အဖွင့်‌အမှာစကား‌ပြောကြားပြီး
ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ဒုတိယဥက္ကဌ သဘာဝ‌ဘေး ကူညီ‌ထောက်‌ပံ့‌ရေးတာဝန်‌
ခံ ဦးခင်‌‌မောင်‌ကြီးက သဘာဝ‌ဘေးတုန့်‌ပြန်‌‌ရေးအဖွဲ့ ရ/သုံး ‌ငွေစာရင်းရှင်းတမ်းကိုရှင်း
လင်းတင်‌ပြသည်‌။
အစည်းအ‌ဝေးတွင်‌ ချမ်းမြသစ္စာလူမှုကူညီ‌ရေးအသင်းမှ သဘာဝ‌ဘေးတုန့်‌
ပြန်‌‌ရေးအဖွဲ့သို့ အလှူ‌ငွေ ၅၀၀၀၀၀ိ/(ငါးသိန်း ကျပ်‌)လှူဒါန်းရာတာဝန်‌ရှိသူများကလက္ခံ
ရယူ၍ ဂုဏ်‌ပြုမှတ်‌တမ်းလွှာပြန်‌လည်‌‌ပေးအပ်‌သည်‌။
ထို့‌နောက်‌ သဘာဝ‌ဘေးတုန့်‌ပြန်‌‌ရေးအဖွဲ့ (ယာယီ) မန္တ‌လေးအား ပိုမိုကျယ်‌
ပြန့်‌‌သော အသင်းကြီးဖြစ်‌‌မြောက်‌‌ရေးနှင့်‌ ‌ရှေ့လုပ်‌စဉ်‌များနှင့်‌ပတ်‌သက်‌၍ ‌ဆွေး‌နွေးကြရာ
တက်‌‌ရောက်‌လာကြ‌သောညီ‌နောင်‌အသင်းအဖွဲ့များဖြစ်‌ကြ‌သောCommunity Center
မှ ကိုမိုး၊ချမ်းမြသစ္စာလူမှုကူညီ‌ရေးအသင်းမှ ကိုအုန်း၊ဟိန္ဒူ ဗုဒ္ဓဘာသာလူမှု‌ဆောင်‌ရွက်‌‌
‌ရေးအသင်းမှ ဦး‌အောင်‌မြင့်‌၊ချမ်းမြသုခလူမှုကူညီ‌ရေးအသင်းမှ ဦး‌အောင်‌မြင့်‌၊ရတနာ
ကိုးသွယ်‌ လူမှုကူညီ‌ရေးအသင်းမှဦး‌အောင်‌မြင့်‌ဦးတို့ကအသီးသီး ပါဝင်‌‌ဆွေး‌နွေးကြသည်‌။ 
ထို့‌နောက်‌ ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ဥက္ကဌ Dr.သန်းထွန်းမြင့်‌က သဘာဝ‌ဘေး
တုန့်‌ပြန်‌‌ရေး‌ဆောင်‌ရွက်‌ရာတွင်‌ မီးသတ်၊ကြက်‌‌ခြေနီ စသည့်‌ အဖွဲ့ များနှင့်‌ပူး‌ပေါင်း၍
ဟန်‌ချက်‌ညီညီ ပူး‌ပေါင်း‌ဆောင်‌ရွက်‌နှိုင်‌ရန်‌နှင့်‌ အစိုးရအဖွဲ့အစည်းများ၏ ယုံကြည်‌အား
ကိုးမှုပိုမို ရရှိ‌အောင်‌ အ‌လေးထား‌ဆောင်‌ရွက်‌ကြရန်‌တိုက်‌တွန်း‌ပြောကြာပြီး အစည်းအ‌ဝေးကို ၁၁း၃၀ တွင်‌ ရုပ်‌သိမ်း‌ကြောင်းသိရှိရသည်‌။
အစည်းအ‌ဝေးသို့ မန္တ‌လေးမြို့‌ပေါ်ရှိ ညီ‌နောင်‌အသင်းများဖြစ်‌ကြ‌သော
One For All, အင်‌အားသည့်‌လူငယ်‌အဖွဲ၊ကရင်‌တိုင်းရင်းသားများအဖွဲ့၊ဟိန္ဒူဗုဓ္ဒဘာသလူမှု‌ဆောင်‌ရွက်‌‌ရေးအဖွဲ့၊ Community Center, ‌လှေတန်းလွန်းကျင်‌နာမှု
ကူညီ‌ရေး၊အမရသုခလူမှုကူညီ‌ရေးအသင်း၊ချမ်းမြသစ္စာလူမှကူညီ‌ရေးအသင်း၊ရတနာ
ကိုးသွယ်‌လူမှုကူညီ‌ရေးအသင်း၊မြတ်‌သဒ္ဒါလူမှုကူညီ‌ရေးအသင်း၊ရခိုင်‌သာ‌ရေးနာ‌ရေး
အသင်း၊ချမ်းမြသုခလူမှုကူညီ‌ရေးအသင်း၊ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်းတို့မှ ကိုယ်‌စား
လည်‌များ တက်‌‌ရောက်‌ကြ‌ကြောင်းသိရှိရသည်‌။

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates