အသင်း၏သတင်းများ
ညီနောင်အသင်းတစ်သင်းဖြစ်သော တကောင်းမြို့ လူမှုကူညီရေးအသင်းနှစ်ပတ်လည်
- Details
- Category: အသင်း၏သတင်းများ
- Published on Friday, 23 December 2016 12:48
ညီနောင်အသင်းတစ်သင်းဖြစ်သော တကောင်းမြို့ လူမှုကူညီရေးအသင်းနှစ်ပတ်လည်
အခမ်းအနား ဓမ္မသဘင်သို့် ဗြဟ္မစိုရ်အသင်းဥက္ကဌနှင့်အဖွဲ့တက်ရောက် ကြည်ညို၊၊ ပစ္စည်းများလှူဒါန်း။ (၂၁-၁၂- ၂၀၁၆)
တကောင်းမြို့ လူမှုကူညီရေးအသင်း နှစ်ပတ်လည်အခမ်းအနားတွင် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏
သြဝါဒါစရိယ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိက္ခဆရာတော် ချီးမြှင့်တော်မူသော တရားပွဲသို့
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဌ Dr.သန်းထွန်းမြင့်အဖွဲ့ သည် တက်ရောက်ကြည်ညိုခဲ့ကြပြီး တကောင်းလူမှုကူညီရေးအသင်းသို့ အလှူငွေ ၁,၀၀,၀၀၀ိ/- ကျပ်တစ်သိန်း နှင့်wheel Chair/ လေမွေ့ရာ
နှင့်ဓာတ်ဆားထုပ်များ လှူဒါန်းခဲ့ကြသည်။ထို့ပြင်အတူလိုက်ပါလာသည့် နာမည်ကြီးအလှူရှင် ဒေါ်ရွှေဖူးဝေ ကလည်း Cool Box သုံးလုံး လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
ဗြဟ္မစိုရ်ကြိုဆိုပြည်သူကို ပြည်သူကြိုဆိုဗြဟ္မစိုရ်(11:12:2016)
- Details
- Category: အသင်း၏သတင်းများ
- Published on Sunday, 11 December 2016 14:13
ဗြဟ္မစိုရ်ကြိုဆိုပြည်သူကို ပြည်သူကြိုဆိုဗြဟ္မစိုရ်(11:12:2016)
=========================
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်
ကျောက်ကပ်တုသွေးသန့်စင်ဆောင် မှာယနေ့(11:12:16) နံနက် (11:00am) တွင်
အလှုရှင် နှစ်ဦးက ကျောက်ကပ်သန့်စင်စက်
နှစ်လုံး လှုဒါန်းသွားကြပါတယ်။
(20:10:2015)မှစတင်လုပ်ငန်းလည်ပတ်ခဲ့တဲ့
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရဲ့ကျောက်ကပ်တုသွေးသန့်စင်မှုလုပ်ငန်းဟာ ကျောက်ကပ်တုသွေးသန့်စင်ဆောင် တစ်ဆောင်မှ (2:8:2016)တွင်နောက်ထပ်အဆောင် နှစ်ကိုတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကာ ကျောက်ကပ်တုသန့်စင်စက် စုစု
ပေါင်း (18)လုံးဖြင့် လုပ်ငန်းဆောင်ရွက်နေ
နိုင်ပြီဖြစ်ပါတယ်။
New Hope Association မှသင်တန်းသူ/သားများအား(၂၆.၁၁.၂၀၁၆)နေ့ကကွင်းဆင်းကြည့်ရှုစဉ်။
- Details
- Category: အသင်း၏သတင်းများ
- Published on Sunday, 27 November 2016 16:02
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ Dr.သန်းထွန်းမြင့်နှင့်အဖွဲ့သည်
၆၉နှင့်၇၀လမ်းကြား စိန်ပန်းလမ်းပေါ်၌ children with special needs အတွက်ဖွင့်လှစ်ထားသော ကျောင်းသို့ လက်တွေ့သွားရောက်လေ့လာနေသောNew Hope Association မှသင်တန်းသူ/သားများအား(၂၆.၁၁.၂၀၁၆)နေ့ကကွင်းဆင်းကြည့်ရှုစဉ်။
More Articles...
- nterfaith Dialogue Programme: " Healing the Past: Building the Future"
- မြန်မာနိုင်ငံ သကြားနှင့် သကာရည် လုပ်ငန်းရှင်များ ကထိန်တော်အသင် (၃၂) ကြိမ်မြောက် မဟာကထိန်တော်သို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ တက်ရောက် ကြည်ညို။
- ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ၊မန္တလေး ၂၀၁၆ခုနှစ်၊စက်တင်္ဘာလအတွက် လပတ်ပုံမှန်အစည်းအဝေးကျင်းပ။
- ဒေါက်တာနန္ဒမာလာဘိဝံသ