...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ၊ ပညာဒါနကျောင်း အခြေခံစက်ချုပ်နှင့် ဖက်ရှင်ဒီဇိုင်းပညာသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲ အခမ်းနားကျင်းပခြင်း မှတ်တမ်းဓါတ်ပုံများ

 

 

အခန်းအနားကို ၁၆-၈-၂၀၁၆ ရက်နေ့၊ နံနက် ၉း၃၀ နာရီအချိန်တွင် ကျင်းပရာ ဗြဟ္မစိုရ်လူမှုကူညီရေးသင်းမှ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြာသော ဦးချစ်ထူး၊ ဦးခင်မောင်ကြီးနှင့် အလုပ်အမှုဆောင်များ၊ ပညာရေးအထောက်အကူပြုကော်မီတီဝင်များ၊ သင်တန်းနည်းပြဆရာမကြီး ဒေါ်ကေသီဦးနှင့် လက်ထောက်နည်းပြများ သင်တန်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက် ကြပါသည်။ 

အခန်းအနားတွင် ဥက္ကဋ္ဌကြီးကိုယ်စား ဒုက္ကဋ္ဌဦးခင်မောင်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ပညာဒါနကျောင်းတွင် အသက်မွေးပညာသင်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်ကြားပေးနေသည့် သင်တန်းများ အကြောင်းကို ဒုက္ကဋ္ဌ ဆရာကြီး ဦးချစ်ထူးအားလည်းကောင်း ၊ သင်တန်းသူများလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို အလုပ်အမှုဆောင် ဒေါ်ထွေးထွေးသန်း (အထက-၁၆၊ ကျောင်းအုပ်ဆရာမကြီး (ငြိမ်း)က လည်းကော်ငး ရှင်းလင်းပြောကြားသည်။

သင်တန်းနည်းပြဆရာမကြီးနှင့်  လက်ထောက်နည်းပြများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခြင်း၊ သင်တန်းစည်းကမ်း လိုက်နာမှု၊ ထူးချွန်ဆုရ သင်တန်းသူ (၃)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ အုပ်စုလိုက်ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတွင်  ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းခဲ့ပါသည်။

 

 

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates