...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

MCG ကုမ္ပဏီ မှ MD ‌ဒေါ်နှင်းပွင့်‌ဖြူ မှ အသင်းအတွက်‌အလှူ‌ငွေ (သုံးသိန်းကျပ်)

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် MCG ကုမ္ပဏီတို့ ပူးပေါင်းပြီး လုပ်ငန်းခွင်ဝင် အသက်မွေးဝမ်းကျောင်းသင်တန်း ( Vocational Training for Youth) ဖွင့်‌လှစ်‌


=========================၁၇.၁၀.၂၀၁၆=========================
ယ‌နေ့ ‌နေ့လည်‌ ၃း၀၀ နာရီက ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ပညာဒါန‌ကျောင်းတွင်‌ဖွင့်‌ပွဲအခမ်းအနား
ကျင်းပရာ မန္တ‌လေးတိုင်း‌ဒေသကြီး လွှတ်‌‌တော်‌ဒု ဥက္ကဌ Dr. ခင်‌‌မောင်‌‌ဌေး၊ချမ်းမြသာစည်‌
မြို့နယ်‌ တိုင်း‌ဒေသကြီးလွှတ်‌‌တော်‌ကိုယ်‌စားလည်‌ဦးမြင့်‌‌အောင်‌မြို့ MCCIဒါရိုက်‌တာ
ဦးဟန်‌စိုး၊ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ဒုဥက္ကဌ ဦးချစ်‌ထူးနှင့်‌တာဝန်‌ရှိသူများ၊ MCG
ကုမ္ပဏီမှ မန်‌‌နေဂျင်းဒါရိုက်‌တာ ‌ဒေါ်နှင်းပွင့်‌ဖြူနှင့်‌တာဝန်‌ရှိသူများ၊ အထူးဖိတ်‌ကြားထားသည့်‌ဧည့်‌သည်‌‌တော်‌များနှင့်‌သင်‌တန်းသူ/သား ၆၀ ‌ကျော်‌တက်‌‌ရောက်‌ကြသည်‌။
အခမ်းအနားတွင်‌ ဗြဟ္မစိုရ်‌အသင်းမှ ဒု ဥက္ကဌ ဦးချစ်‌ထူးက အသင်းကြီးမှ‌ဆောင်‌ရွက်‌လျှက်‌ရှိ‌သော လုပ်‌ငန်းများအ‌ကြောင်းနှင့်‌အနာဂါတ်‌လူငယ်‌များ
ထားရှိရမည့်ခံယူချက်‌နှင့်‌သ‌ဘောထားကိုအဖွင့်‌အမှာစကားအဖြစ်‌‌ပြောကြားပြီးMCG မှ
မန်‌‌နေဂျင်းဒါရိုက်‌တာ ‌ဒေါ်‌နှင်းပွင့်‌ဖြူက MCG မှ‌ဆောင်‌ရွက်‌ထားရှိမှုများနင့်‌ယခုသင်‌ကြားမည့်‌သင်‌တန်းအ‌ကြောင်း မိတ်‌ဆက်‌စကား‌ပြောကြားသည်‌။
ထို့‌နောက်‌ MD ‌ဒေါ်နှင်းပွင့်‌ဖြူက အသင်းအတွက်‌အလှူ‌ငွေ ၃၀၀၀၀၀ ကျပ်‌ လှူဒါန်းရာ
အလုပ်‌အမှု‌ဆောင်‌ဦးလှ‌ဆောင်‌ကလက်‌ခံရယူ၍ဂုဏ်‌ပြုမှတ်‌တမ်းလွှာပြန်‌လည်‌‌ပေးအပ်‌ကာ အခမ်းအနားကိုရုပ်‌သိမ်းပြီး သင်‌တန်း ကိုဆက်‌လက်‌သင်‌ကြား‌ကြောင်းသိရှိရသည်‌။

သင်ကြားမည့်ဘာသာရပ်များမှာ-
1. Self Management
2. Managing the Job
3. Communications
4. Conflict Management
5. Customer Service
6. Office Management
7. Presentation Skills
8. Positive Attitude စသည့် ဘာသာရပ်များပါဝင်မှာ ဖြစ်သည်‌။

သင်တန်းကာလ ၁လခွဲကြာမြင့်မှာဖြစ်ပြီး ၁ပတ်လျှင် တနင်္လာမှ ကြာသပတေးနေ့အထိ (၄)ရက်သင်ကြားမှာဖြစ်ပါသည်‌။ သင်တန်းပြီးဆုံးလျှင် Certificate ပေးအပ်မည်ဖြစ်ပြီး MCG အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီမှ

အလုပ်ရှာဖွေပေးမည်ဖြစ်ပါသည်။

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates