...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

“ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး)၏ သဘာဝဘေးကူညီထောက်ပံ့မှု ဆောင်ရွက်ချက်များ အပိုင်း (၁) “

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)မှ ဥက္ကဋ္ဌဦးဝင်းမြင့် ရုံပိုင်ချုပ်ကြီး(ငြိမ်း) ခေါင်းဆောင်သော သဘာဝဘေး ကူညီထောက်ပံ့ရေးအဖွဲ့သည် (၂၂.၇.၂၀၁၅) ရက်နေ့မှ စတင်၍ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။

=============================================================

(၁) ၂၂.၇.၂၀၁၅  တွင် ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကျပ်သိန်း (၂၀၀) ခန့်ပစ္စည်းများ လှူဒါန်း

(၂) ၂၈.၇.၂၀၁၅ တွင် မြွေဆိပ်ဖြေဆေး အပါအဝင် သိန်း (၅၀) ဖိုးခန့် ကောလင်းမြို့သို့ ထပ်မံ လှူဒါန်း

(၃) ၄.၈.၂၀၁၅ တွင် ပွင့်ဖြူမြို့နယ် လက္ပနွယ်ရွာ၊ ရွာခိုင်ရွာနှင့် စက်မှုလယ်ယာ ကယ်ဆယ်ရေး စခန်းများသို့လည်းကောင်း သိန်း (၁၂၀) တန်ဖိုးရှိ ပစ္စည်းများ

(၄) ၆.၈.၂၀၁၅ တွင် ကလေးမြို့သို့ မြန်မာ့လေကြောင်းခရီးဖြင့် သိန်း (၁၀၀) ခန့် တန်ဖိုးရှိသော ဆန် နှင့် အဝတ်အထည်များး

(၅) ၈.၈.၂၀၁၅ တွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်း၊ မုန်ဇလယ် ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းပေါင်း (၃၀၀) သို့  ကျပ် သိန်း (၆၀၀) ဖိုးခန့်

(၆) ၁၁.၈.၂၀၁၅ တွင် စဉ့်ကူးမြို့နယ်ရှိ  ကမ်းဖြူ - ကြက်တူရွေး၊ ဟင်္သာမကျေးရွာသို့ ပစ္စည်းမျိုးစုံ ကျပ် သိန်း( ၉၀) ဖိုးခန့် လှူဒါန်း

(၇) ၁၃.၈.၂၀၁၅ တွင် ရေစကြိုမြို့နယ်၊ မိုးကွဲရွာနှင့် မီးလောင်ကျွန်းကျေးရွာများသို့  ကျပ်သိန်း (၂၀၀) တန်ဖိုးရှိ ပစ္စည်းများ

(၈) ၁၇.၈.၂၀၁၅ နေ့တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အတွင်းရှိ ရေဘေးသင့်ရွာများသို့ ကျပ် သိန်း (၆၀၀) တန်ဖိုးရှိ ပစ္စည်းများ

 

(၉) ၂၂.၈.၂၀၁၅ တွင် ရခိုင်ဒေသသို့လည်း သိန်းတစ်ရာဖိုးရှိသော ဆန်များကို သဘောင်္ဖြင့် တင်ဆောင်ပေးပြီး နောက်မှသာ အသင်းမှ တာဝန်ရှိသူများ လိုက်ပါပြီး လှူဒါန်းပွဲ ပြုလုပ်ရန် စီစဉ်ထားရှိပါသည်။

(၁၀) ၂၅.၈.၂၀၁၅ တွင် မန္တလေးခရိုင် စဥ့်ကူးမြို့နယ် နတ်တောင်အုပ်စု ဝါးပိုးရွာများသို့ ဖားကန့်မှော်ဒေသခံ ပြည်သူများ လှူဒါန်းသော ပစ္စည်းများနှင့် ဗြဟ္မစိုရ်အသင်းတို့ သွားရောက်၍ တန်ဖိုး (၁၀၀) ခန့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

(၁၁) ၂၇.၈.၂၀၁၅ နေ့တွင် ကောလင်းမြို့နယ်ရှိ ကြမ်းများစိုစွတ်နေသော စာသင်ကျောင်းများသို့ ကျပ် (၅) သိန်းခန့် တန်ဖိုးရှိသော ဖယောင်းပုဆိုး (၈) လိပ်၊

(၁၂) ၃၀.၈.၂၀၁၅ တွင် ရွှေစင်မင်း မိဘမဲ့ သီလရှင်စာသင်တိုက်သို့ တန်ဖိုး ကျပ်သိန်း (၂၀) ခန့်ရှိသော ပစ္စည်းများ

ဤကဲ့သို့ လှူဒါန်းနိုင်အောင် ပံ့ပိုးကူညီပေးကြသော အလှူရှင် ၊ စေတနာရှင် မိဘပြည်သူများအား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

 

 

 

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates