...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

ကျန်းမာရေးကူညီမှု

‌စေတနာ‌ရောင်‌ပြန်‌ဟပ်‌ပုံက ဒုတိယဥက္ကဌ Dr.‌ဌေးဝင်းက ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ၏ စာရင်းစစ်‌ အဖွဲ့ဝင်‌ဖြစ်‌‌သော ဦးဝင်းဟန်‌(မြန်‌မာ့မီးရထား ပို့‌ဆောင်‌‌ရေးဌာန -ဒု/တိုင်းမန်‌‌နေဂျာ ငြိမ်း) အား ကျန်‌မာ‌ရေးအ‌ခြေအ‌နေကို စစ်‌‌ဆေး

‌စေတနာ‌ရောင်‌ပြန်‌ဟပ်‌ပုံကဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း(မန္တ‌လေး) မှ ဒုတိယဥက္ကဌ Dr.‌ဌေးဝင်းက
ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း ၏ စာရင်းစစ်‌ အဖွဲ့ဝင်‌ဖြစ်‌‌သော ဦးဝင်းဟန်‌(မြန်‌မာ့မီးရထား
ပို့‌ဆောင်‌‌ရေးဌာန -ဒု/တိုင်းမန်‌‌နေဂျာ ငြိမ်း) အား လိုအပ်‌‌သော ကျန်‌မာ‌ရေးအ‌ခြေအ‌နေကို
စစ်‌‌ဆေး ကုသ‌ပေးခဲ့သည်‌။

Read more...

ကုသိုလ်‌ဖြစ်‌ အထူးကု‌ဆေးခန်းတွင်‌ တိုင်းရင်း‌ဆေးသမား‌တော်‌ကြီး ဦး‌အောင်‌‌ကျော်‌နှင့်‌ ဆရာမများ ‌ဆေးခန်းလာ ‌ဝေဒနာရှင်‌များအား ကုသ‌ပေး‌နေစဉ်‌။

ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း၊ မန္တ‌လေး ကုသိုလ်‌ဖြစ်‌ အထူးကု‌ဆေးခန်းတွင်‌ တိုင်းရင်း‌ဆေးသမား‌တော်‌ကြီး ဦး‌အောင်‌‌ကျော်‌နှင့်‌ ဆရာမများ ‌ဆေးခန်းလာ ‌ဝေဒနာရှင်‌များအား ကုသ‌ပေး‌နေစဉ်‌။

Read more...

ဗြဟ္မစိုရ် မျက်စိအထူးကုဆေးခန်း

ဗြဟ္မစိုရ်ကုသိုလ်ဖြစ်ဆေးခန်း၏ မျက်စိအထူးကုဆေးခန်းကို (၆.၅.၂၀၁၀) ရက်နေ့တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။ မျက်စိအထူးကုသဆောင်အသစ် အလှူရှင်မှာ မန္တလေးမြို့မှ ဦးကာကာ+ဒေါ်စိန် (လက်ဖက်ခြောက် မိသားစု)တို့ ဖြစ်ပါသည်။ စတင်ဖွင့်လှစ်သည့် အချိန်၌ စမ်းသပ် ကုသပေးခြင်းကိုသာ ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ ခွဲစိတ်ကုသပေးခြင်းကိုပါ ပြုလုပ်နိုင်ခဲ့သည်။ ဗြဟ္မစိုရ် မျက်စိအထူးကုဆေးခန်း၌ မျက်မှန်ပါဝါစမ်းသပ်ပေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းတို့အား အခမဲ့ ဆောင်ရွက်ပေးလျက် ရှိပါသည်။ မျက်စိအထူးကုဆေးခန်းဖွင့်ရက်မှာ စနေ၊ တနင်္ဂနွေနေ့ နံနက်      ၈ နာရီ     မှ   ၁၂ နာရီ   ထိ    ဖြစ်သည်။ အတွင်းတိမ်၊ ရေတိမ် အစရှိသည့် ခွဲစိတ်ရန်လိုအပ်သော ဝေဒနာရှင်များအား တနင်္ဂနွေနေ့များတွင် အခမဲ့ ခွဲစိတ်ကုသပေးပါသည်။ တနင်္ဂနွေနေ့များ၌ တစ်ရက်လျှင် လူနာ ၈ယာက်မှ ၁၆ယာက်ထိ ခွဲစိတ် ကုသပေးနေပါသည်။

 ဗြဟ္မစိုရ် မျက်စိအထူးကုဆေးခန်းတွင် ပညာဒါနပြု၍ ကုသပေးနေသော ဆရာဝန်ကြီးများမှာ Professor ဒေါက်တာ ဦးသိန်းထွန်း (မျက်စိဆေးရုံအုပ်) (ငြိမ်း)၊ ဒေါက်တာသန္တာအောင် (မျက်စိဆေးရုံ၊ မန္တလေး)၊ ဒေါက်တာအေးကျော့မောင် (မျက်စိဆေးရုံ၊ မန္တလေး)၊ ဒေါက်တာတင်သီတာအောင် (မျက်စိဆေးရုံ၊ မန္တလေး)၊ ဒေါက်တာနေလင်းထွန်း ၊ ဒေါက်တာညီညီဇော် (မျက်စိဆေးရုံ၊ မန္တလေး) တို့ ဖြစ်သည်။ Sister ဒေါ်ခင်သီ (သူနာပြုဆရာမကြီး (ငြိမ်း) ၊ မျက်စိဆေးရုံ ၊မန္တလေး)၊ Sister ဒေါ်ခင်ဝင်းမာ (တီဘီဆေးရုံ၊ မန္တလေး)၊ Sister ဒေါ်အေးအေးသန်း (သူနာပြုဆရာမကြီး၊ မျက်စိဆေးရုံ) တို့က ဗြဟ္မစိုရ်မျက်စိအထူးကုဆေးခန်း၌ ပညာဒါနကုသိုလ်ပြုနေပါသည်။ အထက်တန်း သူနာပြုဆရာမများ၊ အကူသူနာပြုများ၊ လုပ်အားကုသိုလ်ပြုသူများစွာဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးနေပါသည်။

Read more...

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates