...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ .... "အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်။ ( တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ)

jtemplate.ru - free extensions Joomla

‌ကျောက်‌ကပ်‌‌ဝေဒနာရှင်‌များ လူ့ဘဝသက်‌တန်း‌စေ့ ‌နေနှိုင်‌‌ရေး ကူညီ‌ပေးကြပါစို့။

ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်း(မန္တ‌လေး)မှ ‌ကျောက်‌ကပ်‌တု‌သွေးသန့်‌စင်‌ခြင်းလုပ်‌ငန်း‌ ဆောင်‌ရွက်‌‌ပေး‌နေသည်‌မှာ ၂၀၁၅ုခုနှစ် ‌‌အောက်‌တိုဘာလမှစတင်‌ ဆောင်‌ရွက်‌ခဲ့ပါသည်‌။ ယခုအခါ‌ကျောက်‌ကပ်‌‌သွေးသန့်‌စင်‌‌ဆောင်‌တွင်‌ စက်‌ ၁၄ လုံးအထိတပ်‌ဆင်‌ထားပြီး ‌ကျောက်‌ကပ်‌‌ဝေဒနာရှင်‌များအား တကြိမ်‌လျှင်‌ ၂၀၀၀၀ ကျပ်‌နှုန်းဖြင့်‌စရိတ်‌မျှ‌ပေးစံနစ်‌ဖြင့် ဆေး‌ကြော‌ပေးလျှက်ရှိပါသည်‌။
‌သွေးသန့်‌စင်‌စက်‌ ၁၄ လုံးဖြင့်‌ တစ်‌ရက်‌လျှင်‌ နံက်‌ပိုင်း ၁၄ ဦး၊ ‌နေ့လည်‌ပိုင်း ၁၄ ဦး ‌ပေါင်း ၂၈ ဦးနှုန်းဖြင့်‌ အပတ်‌စဉ်‌ အင်္ဂါ ၊ကြာသာပ‌တေး၊ စ‌နေ နှင့်‌ တနင်္ဂ‌နွေ‌နေ့တို့တွင်‌ ဆေး‌ပေး‌နေပါသည်‌။


‌ဝေဒနာရှင်‌တစ်‌ဦးအား ‌ကျောက်‌ကပ်‌တစ်‌ကြိမ်‌ ‌ဆေး‌ပေးပါက အ‌ခြေအ‌နေ‌ပေါ်မူတည်‌၍ အနည်းဆုံးငွေကျပ်‌ ၄၀၀၀၀ မှ ၈၀၀၀၀ ကျပ်‌အထိ ကုန်‌ကျပါသည်‌။
ဗြဟ္မစိုရ်‌ကုသိုလ်‌ဖြစ်‌ အထူးကု‌ဆေး‌ပေးခန်းအ‌နေဖြင့်‌ မည်‌သည့်‌‌ဝေဒနာရှင်‌ကိုမဆို တစ်‌ကြိမ်‌လာ‌ရောက်‌ဆေးလျှင်‌ အလှူ‌ငွေ ၂၀၀၀၀ ကျပ်‌သာ စရိတ်‌မျှ‌ပေးအ‌နေဖြင့်‌ လက်‌ခံရယူပါသည်‌။
ထို့‌ကြောင့်‌ အသင်းအ‌နေဖြင့်‌ လစဉ်‌ ‌ငွေကျပ်‌ သိန်း ၁၀၀ ‌ကျော်‌ စိုက်‌ထုတ်‌အကုန်‌အကျခံကုသ‌ပေးနေပါသည်‌။ ထိုသို့စိုက်‌ထုတ်‌ကုသ‌ပေး‌နေနှိင်‌ခြင်းသည်‌ ‌အလှူရှင်‌များ၏ မွန်‌မြတ်‌‌သော ‌စေတနာမေတ္တာ‌ အရင်းခံ‌ကြောင့်‌ပင်‌ဖြစ်‌ပါသည်‌။
‌ဝေဒနာရှင်‌များအတွက်‌ ‌ကျောက်‌ကပ်‌အခမဲ့ ‌‌ဆေး‌ပေးနှိုင်‌ရန်‌ သိန်း၅၀၀၀ ‌ဖောင်‌‌ဒေးရှင်းတစ်‌ခုထူ‌ထောင်‌ထားရာ ယခုအခါ သိန်း ၁၂၇၀ကျော်‌ ရရှိ‌နေပြီ ဖြစ်‌ပါသည်‌။ ကုသိုလ်‌ရှင်‌များ အ‌နေဖြင့်‌ သိန်း ၅၀၀၀ အမြန်‌ဆုံး ပြည့်‌မီနှိုင်‌‌ရေး မွန်‌မြတ်‌‌သောစိတ်‌၊‌ စေတနာနှင့်‌‌ မေတ္တာတရား အရင်းခံ၍ ပါဝင်‌လှူဒါန်း‌ပေးကြပါရန်‌ ‌ကျောက်‌ကပ်‌‌ဝေဒနာရှင်‌များကိုယ်‌စား ဗြဟ္မစိုရ်‌လူမှုကူညီ‌ရေးအသင်းကြီးမှ အနူးအညွတ်‌ ‌မေတ္တာရပ်‌ခံပါသည်‌။

ဆက်‌သွယ်‌လှူဒါန်းရန်
ဗြဟ္မစိုရ်‌လူမှူကူညီ‌ရေးအသင်း
၆၂လမ်း၊၃၃လမ်းနှင့်‌၃၄လမ်းကြား
ဖုန်း ၀၂ ၆၆၄၀၀၊ ၀၂ ၃၉၁၄၃၊ ၀၂ ၇၄၃၅၀

ပညာရေးလှုပ်ရှားမှုမှတ်တမ်းများ

- အသင်း၏ ဖွဲ့စည်းပုံ

ကျန်းမာရေးကူညီမှု

ကျောက်ကပ်တုသွေးသန့်စင်ခြင်း အလှူ ရှင်များနှင့် လုပ်ငန်းဆောက်ရွက်မှု

အသင်း၏ အခြားသောဆောင်ရွက်ချက်များ

အလှူရှင်များ

အသင်းမှ ထုတ်ပြန်ကြေငြာချက်များ

အသင်း၏ အခြားသောသတင်းများ

သဘာဝဘေးအန္တရာယ်ကူညီမှု အလှူရှင်များနှင့် အသင်း၏လှုပ်ရှားမှု မှတ်တမ်းများ


2011.
By: Joomla Free Templates