ပြုံးပန်းဝေ(ပရဟိတအဖွဲ့) မန္တလေးမြို့ မှ ကျောက်ကပ်တုဖောင်ဒေးရှင်းအတွက် အလှူငွေလှူဒါန်း(၁၉.၂.၂၀၁၇)
ပြုံးပန်းဝေ(ပရဟိတအဖွဲ့) မန္တလေးမြို့ မှ ကျောက်ကပ်တုဖောင်ဒေးရှင်းအတွက် အလှူငွေကျပ် တစ်ဆယ့်ငါးသိန်း နှင့် သက်ကြီးရွယ်အိုနေ့စောင့်ရှောက်မှုစင်တာအတွက် ငွေကျပ်တစ်သိန်း စုစုပေါင်း တစ်ဆယ့်ခြောက်သိန်း လာရောက်လှူဒါန်းရာ ဥက္ကဋ္ဌဒေါက်တာဦးသန်းထွန်းမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်းသိရှိရသည်။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသို့
ရွှေမိုးအင်္ဂျင်ဝိုင် ရောင်းဝယ်ရေး ကိုအောင်မြတ်ကျော်မှ အလှူငွေ ၁,၀၀,၀၀၀ိ/ ကျပ်
မန္တလေးမြို့၊၈၃လမ်း ၃၂×၃၃လမ်းကြား ရွှေမိုးအင်္ဂျင်ဝိုင် ရောင်းဝယ်ရေးမှ အမြဲတမ်း အလှူရှင် ကိုအောင်မြတ်ကျော်က ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကျောက်ကပ်တုသွေးသန့်စင်ခြင်းလုပ်ငန်း ဖောင်ဒေးရှင်း အတွက် အလှူငွေ ၁,၀၀,၀၀၀ိ/ ကျပ် တစ်သိန်း လာရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက္ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြောင်းသတင်းရရှိသည်။ ဗဟ္မစိုရ်လူမှုကူညီရေးအသင်းသို့ လာရောက်လှူဒါန်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဒေါ်ညွန့်ညွန့် (၈၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အလှူငွေ ကျပ်သိန်း (၁၀၀) လှူဒါန်း။
ဒေါ်ညွန့်ညွန့် (၈၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အလှူငွေ ကျပ်သိန်း (၁၀၀) လှူဒါန်း။
မန္တလေးမြို့ ၈၄လမ်း ၂၄နှင့် ၂၅ လမ်းကြားနေ ဦးခင်မောင်+ဒေါ်ညွန့်ညွန့် နှင့် သား သ္မီး
မြေးမြစ် မိသာစုတို့က ဒေါ်ညွန့်ညွန့် ၏ (၈၇) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက် အလှူငွေ ကျပ်
၁၀၀.၀၀.၀၀၀ (သိန်း တစ်ရာ) ကို မိသားစုကိုယ်စား Dr.ဝင်းလဲ့ရည်က လာရောက်လှူဒါန်းရာ ဥက္ကဋ္ဌ
Dr.သန်းထွန်းမြင့်နှင့်တာဝန်ရှိသူများက လက်ခံရယူ၍ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
၎င်းအလှူငွေမှာ ကျောက်ကပ်သန့်စင်စက် ဝယ်ယူရန် ပထမ အရစ်ဖြစ်ကြောင်းသိရှိရ သည်။
အသက် ၅၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်အလှူငွေလှူဒါန်း။
အသက် ၅၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်အလှူငွေလှူဒါန်း။
မန္တလေးမြို့ ၈၁လမ်းl၃၃နှင့် ၃၄ လမ်းကြားနေ ဒေါ်စန္ဒာခင် အသက် ၅၀ နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ကပ်ဖောင်ဒေးရှင်းအတွက် အလှူငွေ ၅၀၀၀၀၀ိ/-ကျပ် ငါးသိန်းကို
လာရောက်လှူဒါန်းရာဥက္ကဌ Dr.သန်းထွန်းမြင့်i အလုပ်အမှုဆောင်များဖြစ်ကြသော Dr.မောင်မောင်လေး
နှင့်ဦးလှဆောင်တို့ကလက္ခံရယူ၍ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကြောင်းသိရှိရသည်။